ကယ်ကြွေည

ကြယ်ကြွေည

ဟော...ကြယ်​​ကြွေတယ်​...
သူ့ဘာသူ ဖျတ်​ခနဲ ​လေထုနဲ့ထိ​တွေ့လို့ မီးပွင့်​သွားတဲ့.... ​ကျောက်​စမျှင်​ တစ ငါ့ရင်​ဘတ်​ထဲ ထိသွားတယ်​။💫
ဟော ... ရင်​ထဲက ခံစားချက်​တခု...` ​ဖောက်​´ ခနဲ ထ​တောက်​​လောင်​တယ်​..🔥
အဲ့တာ ကြယ်​​ကြွေတာမှ မဟုတ်​ပဲ...။💥
နံနက်​ခင်းရဲ့ ​လေ​ပြေလို သွယ်​ညှင်းရဲ့ သံစဉ်​....🎶
သစ္စာပန်း​တွေပွင့်​မဲ့ နင့်​ရဲ့ နှလုံးသား​တောင်​ကုန်းထက်​က အလံဖြူ​လေး တလက်​...🎌
အလွမ်းသစ်​သီး​တွေနဲ့ ​​မွှေးမြလွန်းတဲ့ နင့်​ရဲ့ ရင်​ခွင်​ထဲက ခိုလှုံရာ တံခါးတချပ် ​ကို ငါ `​ခေါက်​´ ပါရ​စေ။ 🎉
သက်​တန့်​​​ရောင်​စဉ်​​တွေနဲ့ ထုံမွှန်း​နေတဲ့ ​လျှောက်​လမ်း​ပေါ်မှာ ...
` နင်​ နဲ့ ငါ´🎎
အိုး... ​ဆုံမှတ်​က ​ဝေးလွန်းလှပါလားကွယ်​။ 🏂
ပုံပြင်​တိုင်းမှာ ဇာတ်​သိမ်းလှဖို့... နင်​​မျှော်​လင့်​ထားသလား?
ဇာတ်​လိုက်​နဲ့ မင်းသမီး ​ပေါင်းထုတ်​တဲ့ အခန်းကို နင်​...ကြိုက်​လား?
မျက်​လုံးချင်းဆုံ အသည်းတုံတဲ့​ခေတ်​က ကျန်​ခဲ့ပီလို့ နင်​ယူဆထားသလား...?
မှော်ဆရာရဲ့ ​လှပတဲ့ ကကြိုး...
စောင်းအိုတလက်​ရဲ့ သစ်​လွင်​​နေဆဲ သံစဉ်​...
သစ်​​ခြောက်​ပင်​ကလဲ ရွက်​နု​ဝေတတ်​ခဲ့ပါပီ...
မို​င်​​ပေါင်း​ထောင်​ချီရှည်​လျားတဲ့ ​သွေး​ကြောေ​တွနဲ့ ...ဂါလံ ငါးဆယ်​​ကျော်​တဲ့ ​သွေး​တွေ စီးဆင်း​နေတယ်​ဆိုရင်​ ... ငါ နင့်​အတွက်​ လှပတဲ့ ​ရေတံခွန်​​လေးတခု လှပတဲ့ ​တောင်​ကုန်း​လေးတခုနဲ့ နားစက်​ခိုရာ ​ဂေဟာ ​လေးတလုံး ဖန်​ဆင်း​ပေးမယ်​...
တရစ်​ပီးတရစ်​တက်​လာ​နေတဲ့ စံချိန်​တင်​ မြစ်​​ရေကြီးခြင်းဆိုတဲ့ သတင်းဟာ...ငါ့ရဲ့ သံ​ယောဇဉ်​မြစ်​​ရေကြီး​နေခြင်းပါ။
အပူလှိုင်းဖြတ်​တယ်​တဲ့ .... အဲ့တာ နင့်​အနားက ခဏ​လေး ခွဲခွာရချိန်​ နှလုံး​သွေး​တွေဆူပွက်​လို့ ဖြစ်​လာရတဲ့ အခိုက်​အတန့်​​လေးပါ...
အ​အေးလွန်​ကဲလို့ လူ​တွေ​တောင်​ ​သေ​ကြေရတယ်​ဆိုပဲ....
အဲ့တာ နင့်​အနားမှာ ငါမဟုတ်​တဲ့သူ​တွေရှိ​နေလို့ ငါ့နှလုံးသား​အေးစက်​နာကျင်​ရတဲ့ အခိုက်​အတန့်​ ခဏ​လေးပါ...
နင့်​ကိုငါ ​အောက်​ချင်းငှက်​ဖိုတ​ကောင်​ ရဲ့ ချစ်​ခြင်းနဲ့ချစ်​တယ်​...
နင့်​ကိုငါ သားပိုက်​​ကောင်​တ​ကောင်​ရဲ့ ချစ်​ခြင်းမျိုးနဲ့ချစ်​တယ်​...
နင့်​ကိုငါ နှလုံးသားထဲက ရူးမိုက်​စွာ ချစ်​တယ်​...

ဟော...ကြယ်​​ကြွေတယ်​...💫
နင့်​ရဲ့ မျက်​ဝန်းထဲက ​တောက်​ပတဲ့ အလင်းစ တခုမှန်း ငါသိသွားပီ....
`​ဖောက်​´ ခနဲထ​တောက်​​လောင် ​တဲ့အသံက ငါ့ရင်​ထဲကအချစ်မီး​ဆိုတာ ငါသိသွားပီ...
အဲ့လိုပဲ.... နင့်​နဲ့ငါလဲ ခွဲမရဘူးဆိုတာ ငါသိသွားပီ...
ငါချစ်​တာ ငါနဲ့ လုံးဝမကွဲပြားတဲ့ နင်​ဖြစ်​​နေလို့...
ငါ့အသက်​ရှုတိုင်း နင်​ဖြစ်​​နေလို့...
ငါ့အပြုံးတိုင်း နင်​ဖြစ်​​နေလို့...
ငါ့​ခြေလှမ်းတိုင်း နင်​ဖြစ်​​နေလို့...
ငါ့အိပ်​ချိန်​တိုင်း နင်​ဖြစ်​​နေလို့...
ငါ့ရဲ့ အချိန်​တိုင်း နင်​ဖြစ်​​နေလို့....
တကယ်​​တော့ နင်​ဆိုတာငါပဲ ဖြစ်​​နေလို့...
ငါ့ကိုငါထက်​ နင့်​ကိုပိုချစ်​တယ်​....
ဟော...ကြယ်​​ကြွေတယ်
ငါ့ကို ​တောက်​ပတဲ့ ချစ်​ရည်​ရွှမ်းတဲ့ မျက်​ဝန်း​တွေနဲ့ စိုက်​ကြည့်​​နေ​ပေးပါ...
ဟော...ကြယ်​​ကြွေတယ်
နူးညံ့တဲ့ နင့်​လက်​ဖဝါးကို ငါ့လက်​ဖဝါးထဲထဲ့ထားခွင့်​ပြုပါ...
ဟော...ကြယ်​​ကြွေတယ်
ငါ့ရဲ့ ရင်​ခွင်​တံခါးကို နင်​အသာ​လေးဖွင့်​ပီးဝင်​ခဲ့ပါ...

ဟော...ကြယ်​​ကြွေတယ်
ငါလဲ နင့်​ကို​ကြွေတယ်​...။။။

Comments